
မကွေးတိုင်းဒေသကြီးလွှတ်တော် ဉက္ကဌ၊ဒုတိယဉက္ကဋ္ဌတို့က International IDEA မှ Interim Programme Manager Dr.Richard A.Nuccio နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ
ဆောင်ရွက်ချက်များ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့၊ နံနက်(၁၀၀၀)နာရီအချိန် မကွေးတိုင်းဒေသကြီး လွှတ်တော်ရုံးVIP LOUNGE ရုံးခန်းတွင် မကွေးတိုင်းဒေသကြီးလွှတ်တော်ဉက္ကဌ၊ ဒုတိယဥက္ကဋ္ဌတို့မှ International IDEA မှ Interim Programme Manager Dr.Richard A.Nuccio နှင့်အဖွဲ့အား လက်ခံတွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးလွှတ်တော်ဉက္ကဌဦးတာ၊ ဒုတိယဉက္ကဌ ဦးဇော်မျိုးဝင်းနှင့် မကွေးတိုင်းဒေသကြီးလွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီဝင်များဖြစ်ကြသည့် ဦးတင့်လွင်(ဉက္ကဌ) ၊ ဦးအေးလှိုင်ဦး(အတွင်းရေးမှူး) ၊ ဦးဇော်မင်းထွန်း (အဖွဲ့ဝင်) ၊ ဦးတင့်ဆန်း (အဖွဲ့ဝင်)၊ ဦးခင်မောင်လွင် (အဖွဲ့ဝင်) ၊ ဒေါ်သက်မွန်အေး(အဖွဲ့ဝင်) ၊ ဦးကျော်ဋ္ဌေး(အဖွဲ့ဝင်) ၊ ဗိုလ်ကြီးဟန်ဝင်းအောင်(အဖွဲ့ဝင်)၊ International IDEA မှ Interim Programme Manager Dr.Richard A.Nuccioနှင့်အဖွဲ့၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ဌေးဌေးခိုင်နှင့် လွှတ်တော်ရုံးဝန်ထမ်းများတက်ရောက်ခဲ့ကြပါသည်။
တွေ့ဆုံစဉ် International IDEA မှ Interim Programme Manager Dr.Richard A.Nuccio မှ မကွေးလွှတ်တော်၏ ဘတ်ဂျက်စိစစ်ရာတွင် ပိုမိုထိရောက်မှုရှိစေရန် အထောက်အပံ့ပေးမည့် အကြောင်း၊ စီမံချက်အား (Support to Hluttaw Work on Effective Budget Oversight) (လွှတ်တော်၏ ဘတ်ဂျက်စိစစ်ရေးကဏ္ဍ ထိရောက်ရေးထောက်ပံ့မှု) (SHWEBO) ဟုအမည် ပေးထားပြီး ဥရောပသမဂ္ဂ (EU)နှင့် ဗြိတိန်အကူညီပေးရေး (UK Aid) တို့မှ ရန်ပုံငွေ ထောက်ပံ့ထားကာ ပြည်ထောင်စုလွှတ်တော် (D) ဆောင်တွင် ရုံးခန်းဖွင့်လှစ်၍ International IDEA မှ ပညာရှင်များဖြင့် အကူအညီပေးလျက်ရှိပါကြောင်း၊ လွှတ်တော်(၃)ရပ်ရှိ ငွေစာရင်းကော်မတီများ၊ ပညာရေးမြှင့်တင်မှု ကော်မတီများ၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ် လွှတ်တော်များရှိ ငွေစာရင်းကော်မတီများအား (SHWEBO) စီမံချက်မှ ထောက်ပံ့ကူညီပေးသွားမည်ဖြစ်ပါကြောင်း၊ လွှတ်တော်၏ လက်ရှိ ဘတ်ဂျက်စိစစ်ရေးလုပ်ငန်းစဉ်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံးနှင့် စီမံကိန်းဝန်ကြီးဌာနတို့နှင့် ဆက်သွယ်ဆောင်ရွက် နေမှုများအား မေးမြန်းစုံစမ်းကာ နောင်တွင် မည်သို့ကူညီရမည်ကို ရေးဆွဲမည် ဖြစ်ပါကြောင်း ရှင်းလင်းဆွေးနွေး ပါသည်။
ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ပြည်သူ့ငွေစာရင်း ကော်မတီဝင်များမှ မိမိတို့ ကော်မတီများအနေဖြင့် ဘတ်ဂျက်ကိစ္စရပ်များ စိစစ်ဆောင်ရွက်သည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး ခဲ့ပြီးနောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဆွေးနွေးခဲ့ကာ ဧည့်သည်တော်များအား နေ့လည်စာဖြင့် တည်းခင်းဧည့်ခံခဲ့ပါသည်။