
မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ဒုတိယဥက္ကဋ္ဌ ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် ကိုယ်စားလှယ်ရိပ်သာအဆောက်အဦ (၈)ခန်းတွဲ(၃)ထပ် RC (၁)လုံးဆောက်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် တင်ဒါကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်
ဆောင်ရွက်ချက်များ၂၀၁၉ခုနှစ် ဒီဇင်ဘာလ(၅)ရက်နေ့ မွန်းလွဲ(၁၄း၀၀)နာရီအချိန် မကွေးတိုင်းဒေသကြီး လွှတ်တော် VIP MEETING ROOM (ပထမထပ်)ရုံးခန်းတွင် ကျင်းပပြုလုပ်သည့် ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် ကိုယ်စားလှယ်ရိပ်သာအဆောက်အဦ (၈)ခန်းတွဲ (၃)ထပ် RC (၁)လုံး ဆောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရန်အတွက် တင်ဒါကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ ပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးသို့ မကွေးတိုင်းဒေသကြီးလွှတ်တော်ဉက္ကဋ္ဌ ဦးတာ(တင်ဒါခေါ်ယူရေးကော်မတီ ဉက္ကဋ္ဌ)၊ ဒုတိယဉက္ကဋ္ဌ ဦးဇော်မျိုးဝင်း(တင်ဒါခေါ်ယူရေးကော်မတီ အတွင်းရေးမှူး)၊ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ ဆောက်လုပ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦး (တင်ဒါခေါ်ယူရေးကော်မတီအဖွဲ့ဝင်)၊မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံးဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ဌေးဌေးခိုင် (တင်ဒါခေါ်ယူရေးကော်မတီ တွဲဘက် အတွင်းရေးမှူး)၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များဖြစ်သော ဒေါ်ခင်ချိုလတ် (မကွေးမြို့နယ်မဲဆန္ဒနယ်အမှတ်-၁) နှင့် ဦးကျော်ဌေး (မကွေးမြို့နယ်မဲဆန္ဒနယ်အမှတ်-၂)၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ အကြီးအကဲများပါဝင်သည့် တင်ဒါခေါ်ယူရေးကော်မတီအဖွဲ့ဝင်များ၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီးလွှတ်တော်ဉက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြား ခဲ့ပြီး၊ ဒုတိယဉက္ကဋ္ဌမှ မြန်မာ့အလင်းသတင်းစာ၌ အိတ်ဖွင့်တင်ဒါခေါ်ယူထားရှိမှုအခြေအနေများကို ဆွေးနွေးတင်ပြခဲ့ပြီး၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဆောက်လုပ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး ဦးတင်နွယ်ဦးမှ ကိုယ်စားလှယ်ရိပ်သာ (၈)ခန်းတွဲ (၃)ထပ် RC (၁)လုံး ဆောက်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်း ဆောင်ရွက် ရာတွင် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း စည်းကမ်းသတ်မှတ်ချက်များအား အသေးစိတ် ရှင်းလင်း ဆွေးနွေးခဲ့ကာ တင်ဒါခေါ်ယူရေးကော်မတီ အဖွဲ့ဝင်များမှ ဆွေးနွေးအကြံပြုခဲ့ကြပြီး အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့မှုအပေါ် မကွေးတိုင်း ဒေသကြီးလွှတ်တော်ဥက္ကဋ္ဌမှ လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် တင်ဒါခေါ်ယူရေး ကော်မတီအဖွဲ့ဝင်များအား ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။