
မကွေးတိုင်းဒေသကြီးလွှတ်တော် ဉက္ကဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဖွံ့ဖြိုး တိုးတက်ရေးကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
ဆောင်ရွက်ချက်များ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့၊ နံနက်(၁၀၀၀)နာရီအချိန် မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌရုံးခန်းတွင် မကွေးတိုင်းဒေသကြီးလွှတ်တော်ဉက္ကဌ၊ ဒုတိယဥက္ကဋ္ဌနှင့် မကွေးတိုင်းဒေသကြီးလွှတ်တော်၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ပါသည်။
တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့မှ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဖွံ့ဖြိုး တိုးတက်ရေးကော်မတီအဖွဲ့များ၏ နယ်မြေကွင်းဆင်းဆောင်ရွက်ချက်များ၊ ကော်မတီအစီရင်ခံစာ များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ပြီး ကော်မတီဝင်များမှ မိမိတို့ နယ်မြေကွင်းဆင်းဆောင်ရွက်ခဲ့သည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။