မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ(ဥပဒေပြုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ)နှင့် ဥပဒေပြုရေးဆိုင်ရာကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

ဆောင်ရွက်ချက်များ

၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ(၃၀)ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး
လွှတ်တော်ရုံး VIP Meeting Room ခန်းတွင် ဥပဒေပြုရေးဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း
အဝေးကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း (ဥပဒေပြုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ)နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်
ဥပဒေပြုရေးဆိုင်ရာကော်မတီဝင်များ၊ဝန်ထမ်းများတက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း (ဥပဒေပြုရေး ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ)မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မကွေးတိုင်းဒေသကြီးယဉ်ကျေးမှု အမွေအနှစ်များထိန်းသိမ်းရေးဥပဒေ ရေးဆွဲပြဌာန်းနိုင်ရေးအတွက်ဆွေးနွေးခဲ့ရာ ဥပဒေပြုရေး ဆိုင်ရာကော်မတီဝင်များမှ သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် အကြံပြုဆွေးနွေးညှိနှိုင်းခြင်းများ ပြုလုပ်ခဲ့ကြပြီး တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း (ဥပဒေပြုရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ)မှ လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ပါသည်။