
မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ(ဥပဒေပြုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ)နှင့် ဥပဒေပြုရေးဆိုင်ရာကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်
ဆောင်ရွက်ချက်များ၂၀၂၀ပြည့်နှစ်၊ဇန်နဝါရီလ(၇)ရက်နေ့ နေ့လည်(၁၄း၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး
လွှတ်တော်ရုံး VIP Meeting Room တွင် ဥပဒေပြုရေးဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း
အဝေးကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း (ဥပဒေပြုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ)နှင့် တိုင်းဒေသကြီးဥပဒေချုပ် ဦးဆန်းလင်း၊
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များပါဝင်သည့် ဥပဒေပြုရေးဆိုင်ရာကော်မတီဝင်များ၊ တိုင်းဒေသကြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဉီးစီးဌာန မကွေးဌာနခွဲမှ ညွှန်ကြားရေးမှူး၊ ဦးမြင့်သိန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဦးရဲလွင်၊ တိုင်းဒေသကြီးပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးညွန့်နိုင်၊ ညွှန်ကြားရေးမှူးတို့တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း (ဥပဒေပြုရေး ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ)မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မကွေးတိုင်းဒေသကြီးယဉ်ကျေးမှု အမွေအနှစ်များထိန်းသိမ်းရေးဥပဒေ(မူကြမ်း) ရေးဆွဲပြဌာန်းနိုင်ရေးအတွက် ဆွေးနွေးခဲ့ရာ ဥပဒေ ပြုရေးဆိုင်ရာကော်မတီဝင်များမှ သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် အကြံပြုဆွေးနွေးညှိနှိုင်းခြင်း၊
တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာအကြီးအကဲများမှ အကြံပြုဆွေးနွေး ညှိနှိုင်းခြင်းများ ပြုလုပ်ခဲ့ကြပြီး၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း (ဥပဒေပြု ရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ)မှ လိုအပ်သည်များ ဖြည့်စွက်ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။