
မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ(ဥပဒေပြုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ)နှင့် ဥပဒေပြုရေးဆိုင်ရာကော်မတီဝင်များ မကွေးတိုင်းဒေသကြီး လမ်းများ၊တံတားများ ဥပဒေကြမ်းရေးဆွဲနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်
ဆောင်ရွက်ချက်များ၂၀၂၀ပြည့်နှစ်၊ဖေဖော်ဝါရီလ(၄)ရက်နေ့ နံနက်(၁၁း၃၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး
လွှတ်တော်ရုံး ဥပဒေပြုရေးဆိုင်ရာကော်မတီရုံးခန်းတွင် ဥပဒေပြုရေးဆိုင်ရာကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း (ဥပဒေပြုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ)၊ တိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ဦးသန်းဇော်၊ ဒုတိယ ညွှန်ကြားရေးမှူး(မြို့ပြ) လမ်းဦးစီးဌာန တို့တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း (ဥပဒေပြုရေး ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ)မှ မကွေးတိုင်းဒေသကြီး လမ်းများ၊ တံတားများ ဥပဒေကြမ်းရေးဆွဲ ပြဌာန်းနိုင်ရေးအတွက် အဖွင့်အမှာစကားပြောကြားဆွေးနွေးခဲ့ပြီး၊ လမ်းဦးစီးဌာနအနေဖြင့် လမ်းများ၊ တံတားများ ဥပဒေကြမ်းရေးဆွဲရာတွင် ဥပဒေပြုရေးဆိုင်ရာကော်မတီဝင်များနှင့် ပူးပေါင်း ညှိနှိုင်းဆောင်ရွက်သွားရန်ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။
ထို့နောက်အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဥပဒေပြုရေး ဆိုင်ရာကော်မတီဝင်များ အနေဖြင့် မိမိတို့တာဝန်ယူထားသည့် သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် အကြံပြုဆွေးနွေးညှိနှိုင်း ခြင်းများ ပြုလုပ်ခဲ့ကြရာ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌဦးဇော်မျိုးဝင်း(ဥပဒေပြုရေးဆိုင်ရာ
ကော်မတီဥက္ကဋ္ဌ)မှလိုအပ်သည်များဖြည့်စွက်ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။