မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ(ဥပဒေပြုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ)နှင့် ဥပဒေပြုရေးဆိုင်ရာကော်မတီဝင်များ မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးဥပဒေ ရေးဆွဲပြဌာန်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

ဆောင်ရွက်ချက်များ

၂၀၂၀ပြည့်နှစ်၊ဖေဖော်ဝါရီလ(၂၆)ရက်နေ့နံနက်(၁၀း၀၀)နာရီအချိန်တွင်မကွေးတိုင်းဒေသကြီး
လွှတ်တော်ရုံး ဥပဒေပြုရေးဆိုင်ရာကော်မတီရုံးခန်းတွင် ဥပဒေပြုရေးဆိုင်ရာကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း (ဥပဒေပြုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ)၊ တိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်
စီမံကိန်း၊ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးကော်မတီမှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးစည်ပင်
သာယာရေးအဖွဲ့မှုဒုတိယညွှန်ကြားရေးမှူးဒေါ်မြင့်ဌေးနှင့်တိုင်းဒေသကြီးမွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မှညွှန်ကြားရေးမှူး ဒေါက်တာမောင်မောင်စိုးဦး၊ တို့  တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း (ဥပဒေပြုရေး ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ)မှ မကွေးတိုင်းဒေသကြီးစည်ပင်သာယာရေးဥပဒေ ရေးဆွဲပြဌာန်းနိုင်ရေး
အတွက်အဖွင့်အမှာစကားပြောကြားဆွေးနွေးခဲ့ပြီး၊ ဥပဒေကြမ်းရေးဆွဲရာတွင် ဥပဒေပြုရေးဆိုင်ရာ ကော်မတီဝင်များနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားရန် ဆွေးနွေး ညှိနှိုင်းခဲ့ပါသည်။
ထို့နောက်အစည်းအဝေးသို့ တက်ရောက်လာကြသည့် သက်ဆိုင်ရာ ဌာနများမှ တာဝန် ရှိသူများကဆွေးနွေးခဲ့ကာ ဥပဒေပြုရေးဆိုင်ရာကော်မတီဝင်များမှ မိမိတို့တာဝန်ယူထားသည့် သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် အကြံပြုဆွေးနွေးညှိနှိုင်းခြင်းများပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း (ဥပဒေပြုရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ)မှ လိုအပ်သည်များ ဖြည့်စွက် ညှိနှိုင်းဆွေးနွေးခဲ့ ကြပါသည်။