
မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ(ဥပဒေပြုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ)နှင့် ဥပဒေပြုရေးဆိုင်ရာကော်မတီဝင်များ မကွေးတိုင်းဒေသကြီး လမ်းများ၊တံတားများ ဥပဒေ(မူကြမ်း)ရေးဆွဲနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်
ဆောင်ရွက်ချက်များ၂၀၂၀ပြည့်နှစ်၊မေလ(၄)ရက်နေ့ နေ့လည်(၁၄း၃၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး
လွှတ်တော်ရုံး VIP Meeting Room တွင် ဥပဒေပြုရေးဆိုင်ရာကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း (ဥပဒေပြုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ)၊ တိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီ အတွင်းရေးမှူးနှင့် ကော်မတီဝင်များတက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း (ဥပဒေပြုရေး ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ)မှ မကွေးတိုင်းဒေသကြီး လမ်းများ၊ တံတားများ ဥပဒေ(မူကြမ်း)ရေးဆွဲ ပြဌာန်းနိုင်ရေးအတွက် အဖွင့်အမှာစကားပြောကြားဆွေးနွေးခဲ့ပြီး၊ ဥပဒေ(မူကြမ်း)ရေးဆွဲဆောင်ရွက် နိုင်ရေးအတွက် တက်ရောက်လာကြသည့် ဥပဒေပြုရေးဆိုင်ရာကော်မတီဝင်များ အနေဖြင့် မိမိတို့တာဝန်ယူထားသည့် သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် အကြံပြုဆွေးနွေးညှိနှိုင်းခြင်းများ ပြုလုပ်ခဲ့ကြရာ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း (ဥပဒေပြုရေးဆိုင်ရာ
ကော်မတီဥက္ကဋ္ဌ)မှလိုအပ်သည်များဖြည့်စွက်ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။