မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ(ဥပဒေပြုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ)နှင့် ဥပဒေပြုရေးဆိုင်ရာကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

ဆောင်ရွက်ချက်များ

၂၀၂၀ပြည့်နှစ်၊ ဇွန်လ(၁၅)ရက်နေ့ နေ့လည်(၁၄း၃၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး
လွှတ်တော်ရုံး VIP Meeting Room တွင် မကွေးတိုင်းဒေသကြီးယဉ်ကျေးမှုအမွေအနှစ်များ
ထိန်းသိမ်းရေးဉပဒေ(မူကြမ်း)ရေးဆွဲ ပြဋ္ဌာန်းနိုင်ရေးအတွက် ဥပဒေပြုရေးဆိုင်ရာကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း (ဥပဒေပြုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ)၊ တိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေး ဆိုင်ရာကော်မတီ အတွင်းရေးမှူးနှင့် ကော်မတီဝင်များတက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း (ဥပဒေပြုရေး ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ)မှ အဖွင့်အမှာစကားပြောကြားဆွေးနွေးခဲ့ပြီး၊ မကွေးတိုင်းဒေသကြီး အထူးအစည်းအဝေး(၁/၂၀၂၀)တွင်တင်သွင်းခဲ့သည့်မကွေးတိုင်းဒေသကြီးယဉ်ကျေးမှုအမွေအနှစ်များ
ထိန်းသိမ်းရေးဉပဒေ(မူကြမ်း)အပေါ် ဉပဒေပြုရေးဆိုင်ရာကော်မတီ၏ စိစစ်လေ့လာတွေ့ရှိချက် အစီရင်ခံစာအား တိုင်းဒေသကြီးလွှတ်တော် ဆိုင်ရာနည်းဉပဒေ ၁၃၉(က)နှင့်အညီတင်သွင်းခြင်း ဖြစ်ကြောင်းနှင့်မကွေးတိုင်းဒေသကြီးယဉ်ကျေးမှု အမွေအနှစ်များထိန်းသိမ်းရေးဉပဒေကြမ်း အပေါ် တွင် စိစစ်တွေ့ရှိချက်၊ လေ့လာသုံးသပ်ချက်နှင့် သဘောထားမှတ်ချက်တို့ကို မကွေးတိုင်းဒေသကြီး
လွှတ်တော်ဆိုင်ရာနည်းဉပဒေ ၁၃၉(ခ)နှင့်အညီ တင်ပြသွားနိုင်ရေးညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။