မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ ထံသို့ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း(ဗဟို)မှ တိုင်းရင်းဆေးမျိုးစုံလာရောက်လှူဒါန်း

ဆောင်ရွက်ချက်များ

(၂၉.၆.၂၀၂၀) ရက်နေ့ (တနင်္လာနေ့) နံနက်(၁၁:၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌထံသို့ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း(ဗဟို) မှ
တိုင်းရင်းဆေး မျိုးစုံလာရောက် လှူဒါန်းခဲ့ပါသည်။
မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း(ဗဟို) မှ ဦးခင်မောင်ဆင့်၊ ဗဟိုတွဲဖက်အတွင်းရေးမှူး ပါ (၅)ဦးတို့မှ တိုင်းရင်းဆေးမျိုးစုံ လာရောက်ပေးအပ်လှူဒါန်းခဲ့ရာ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတာ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ လွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ဋ္ဌေးဋ္ဌေးခိုင် တို့မှ လက်ခံရယူခဲ့ပြီး မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း(ဗဟို)မှ တိုင်းရင်းဆေး မျိုးစုံလာရောက်လှူဒါန်းမှုအပေါ် လွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌတို့မှ ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ပါသည်။