မကွေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

ဆောင်ရွက်ချက်များ

၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ(၆)ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်မှ နေ့လည်(၁၆း၀၀)နာရီအချိန် အထိ၊(၇-၇-၂၀၂၀)ရက်နေ့နံနက်(၁၀း၀၀)နာရီအချိန်မှ(၁၁း၀၀)နာရီအချိန်အထိမကွေးတိုင်းဒေသကြီး
လွှတ်တော်ရုံး VIP Meeting Room တွင် မကွေးတိုင်းဒေသကြီး အပင်နှင့်သီးနှံဖျက်ပိုးမွှားရောဂါ ကာကွယ်နှိမ်နှင်းရေး ဉပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ ပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း (ဥပဒေပြုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ)၊ တိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေး ဆိုင်ရာကော်မတီ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်
ညွှန်ကြားရေးမှူး၊ ဒေါ်သက်သက်မြင့် တို့တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း (ဥပဒေပြုရေး ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ) မှ အဖွင့်အမှာစကားပြောကြားဆွေးနွေးခဲ့ပြီး၊ မကွေးတိုင်းဒေသကြီး အပင်နှင့်သီးနှံဖျက်ပိုးမွှားကာကွယ်နှိမ်နှင်းရေး ဥပဒေကြမ်း ရေးဆွဲရာတွင် ပြည့်ပြည့်စုံစုံ ဖြစ်စေရန် အတွက် ဆွေးနွေးရန်လိုအပ်သည့် အချက်အလက်များအား သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ပေါင်းစပ်ဆွေးနွေးသွားရန်၊ သက်ဆိုင်ရာဌာနအနေဖြင့်လုပ်ငန်း လုပ်ဆောင်ရသူများဖြစ်၍လိုအပ်ချက်များရှိပါက ဖြည့်စွက်နိုင်ရန်၊စိုက်ပျိုးလုပ်ကိုင်သူ(တောင်သူများ)

အနေဖြင့် အပင်နှင့်သီးနှံဖျက်ပိုးမွှား ရောဂါများနှင့်ပတ်သက်၍အသိပညာပေးနိုင်ရေး၊ ကြိုတင် ကာကွယ်နိုင်ရေး ရောဂါပိုးကျရောက်ပါက စီမံဆောင်ရွက်နိုင်ရေးနှင့် ပိုးသတ်ဆေးသုံးစွဲပုံစသည့် အချက်များနှင့် ကော်မတီဝင် များအနေဖြင့် ပြင်ဆင်ဖြည့်စွက်လိုသည်များရှိပါက ညှိနှိုင်းဆွေးနွေး ကြရန်နှင့် မိမိတို့တာဝန်ယူထားသည့် သက်ဆိုင်ရာအခန်းကဏ္ဍအလိုက်အကြံပြုဆွေးနွေးညှိနှိုင်းခြင်း များ ပြုလုပ်ခဲ့ကြရာ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း (ဥပဒေပြုရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ)မှ လိုအပ်သည်များဖြည့်စွက်ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။