မကွေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

ဆောင်ရွက်ချက်များ

၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ(၇)ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်မှ မွန်းလွဲ(၁၆း၀၀)နာရီအချိန် အထိ မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး VIP Meeting Room တွင် မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊မွေးမြူရေးချေးငွေနှင့်စုငွေများဉပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း (ဥပဒေပြုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ)၊ အတွင်းရေးမှူးနှင့် ကော်မတီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ လက်ထောက်အထွေထွေမန်နေဂျာ ဦးကျော်တင်ဦး တို့တက် ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း (ဥပဒေပြုရေး ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ) မှ အဖွင့်အမှာစကားပြောကြားဆွေးနွေးရာတွင် မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊မွေးမြူရေးချေးငွေနှင့်စုငွေများ ဥပဒေကြမ်း ရေးဆွဲရာတွင် MPU အစည်းအဝေးမှ ပြီးသင့် ပြီးထိုက်သည့်ဉပဒေများအား ပြီးပြတ်စေရန်အတွက် ဉပဒေပြဋ္ဌာန်းနိုင်ရေးလုပ်ဆောင်ရန် မှာကြားထားရှိပါကြောင်း၊ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဉပဒေဇယား ၂ တွင် ဉပဒေမူကြမ်းခေါင်းစဉ် နှင့်ပတ်သက်၍ “မွေးမြူရေး” ဟူသောစကားရပ်မပါရှိသည့်အတွက် ဇယား ၂ တွင် ခွင့်ပြုထားသည့် အတိုင်း “မွေးမြူရေး” ဟူသောစကားရပ်အား ထည့်သွင်း ရေးဆွဲခြင်းမပြုဘဲ မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးချေးငွေနှင့်စုငွေများဉပဒေအဖြစ်သာ ခေါင်းစဉ်တွင် ရေးဆွဲပြဋ္ဌာန်းရန်ဖြစ်ကြောင်း၊
သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကော်မတီဝင်များအနေဖြင့် ပြင်ဆင်ဖြည့်စွက်လိုသည်များရှိပါက ဆွေးနွေးညှိနှိုင်းကြရန်နှင့် မိမိတို့တာဝန်ယူထားသည့် သက်ဆိုင်ရာအခန်းကဏ္ဍအလိုက်အကြံပြု ဆွေးနွေးညှိနှိုင်းခြင်းများ ပြုလုပ်ခဲ့ကြရာ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း (ဥပဒေပြုရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ)မှ လိုအပ်သည်များဖြည့်စွက်ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။