မကွေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

ဆောင်ရွက်ချက်များ

၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ(၂၁)ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန် မကွေးတိုင်းဒေသကြီး လွှတ်တော်ရုံး VIP Meeting Room တွင် မကွေးတိုင်းဒေသကြီး အပင်နှင့်သီးနှံဖျက်ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းရေးဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း (ဥပဒေပြုရေး ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ)၊ ဥပဒေပြုရေးဆိုင်ရာကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး(အငြိမ်းစား) ဦးခင်မောင်ဝင်း၊ မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကြည်မြင့်နှင့် ဦးကျော်ဋ္ဌေး တို့တက်ရောက်ကြပါသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း (ဥပဒေပြုရေး ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ) မှ အဖွင့်အမှာစကားပြောကြားပြီး ကော်မတီအဖွဲ့ဝင်များနှင့် တက်ရောက်လာသော ဌာနဆိုင်ရာ တာဝန်ရှိသူတို့မှ သက်ဆိုင်ရာအခန်းကဏ္ဍအလိုက်အကြံပြု ဆွေးနွေးညှိနှိုင်းခြင်းများ ပြုလုပ်ခဲ့ကြပါသည်။