မကွေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

ဆောင်ရွက်ချက်များ

၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ(၂၂)ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန် မကွေးတိုင်းဒေသကြီး လွှတ်တော်ရုံး VIP Meeting Room တွင် မကွေးတိုင်းဒေသကြီး ဓါတ်ပုံ၊ ပန်းချီ၊ ပန်းပု စသည့်ပြပွဲများ ဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း (ဥပဒေပြုရေး ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ)၊ ဥပဒေပြုရေးဆိုင်ရာကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးညွန့်နိုင်၊
တိုင်းဒေသကြီးပန်းချီအစည်းအရုံး ဥက္ကဋ္ဌ ဦးမျိုးညွန့် တို့တက်ရောက်ကြပါသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း (ဥပဒေပြုရေး ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ) မှ မကွေးတိုင်းဒေသကြီး ဓါတ်ပုံ၊ ပန်းချီ၊ ပန်းပု စသည့်ပြပွဲများ ဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍ ထပ်မံဖြည့်စွက်ပြင်ဆင်လိုသည်များရှိပါက ပြင်ဆင်နိုင်ရန်အတွက် အစည်းအဝေးခေါ်ယူရခြင်းဖြစ်ကြောင်း၊ သက်ဆိုင်ရာဌာနအနေဖြင့် လုပ်ငန်းများလက်တွေ့ ဆောင်ရွက်ရခြင်းဖြစ်၍ အခက်အခဲများ၊ လုပ်ငန်းလိုအပ်ချက်များကို ဥပဒေနှင့်အညီ ဖြစ်စေနိုင်ရေး ဆွေးနွေးလိုပါကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ တိုင်းဒေသကြီးပန်းချီ အစည်းအရုံး၊ ဥက္ကဋ္ဌ ဦးမျိုးညွန့်မှ ဓါတ်ပုံ၊ ပန်းချီ၊ပန်းပုပြပွဲဆိုင်ရာအတွေ့အကြုံများအရ ကော်မတီဖွဲ့စည်းသည့်
အခါ ဓါတ်ပုံ၊ပန်းချီ၊ပန်းပုတို့၏ သဘောသဘာဝကို သိရှိနားလည်တတ်ကျွမ်းသူတို့ ပါဝင်ဖွဲ့စည်း
စေလိုကြောင်း၊ ဓါတ်ပုံ၊ ပန်းချီ၊ ပန်းပုပညာ ရွက်ပုန်းသီးပညာရှင် များကိုမြှင့်တင်ပေးစေလိုသည့် အတွက် တိုင်းဒေသကြီးအနေနှင့် ပြပွဲများ၊ ပြိုင်ပွဲများ ကျင်းပပေးစေလိုကြောင်း၊ ဓါတ်ပုံ၊ ပန်းချီ၊ ပန်းပုပညာကို မြှင့်တင်ပေးရန် ရည်ရွယ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပြီး၊ ဥပဒေပြုရေး ဆိုင်ရာ ကော်မတီအဖွဲ့ဝင်များအနေဖြင့် သက်ဆိုင်ရာအခန်းကဏ္ဍအလိုက်အကြံပြု ဆွေးနွေးညှိနှိုင်း ခြင်းများပြုလုပ်ခဲ့ကြပါသည်။