
မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး ဗိုလ်မင်းရောင်ခန်းမတွင် ကျင်းပပြုလုပ်သော ကွန်ပျူတာသင်တန်းဆင်းပွဲအခမ်းအနား
ဆောင်ရွက်ချက်များ၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ(၃၀)ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်မှစတင်၍ မကွေးတိုင်း ဒေသကြီး လွှတ်တော်ရုံး ICT Room တွင် ကွန်ပျူတာသင်တန်းအား အငယ်တန်းစာရေး ဝန်ထမ်း(၂၀)ဦးဖြင့် ဖွင့်လှစ်သင်ကြားပို့ချခဲ့ရာ ဇူလိုင်လ ၂၇ ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင် သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါ သည်။
အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ဋ္ဌေးဋ္ဌေးခိုင်၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စုစုထွန်း၊ ဒေါ်အိဇင်ဖြိုး၊
လက်ထောက်ညွှန်ကြားရေးမှူး ဦးဋ္ဌေးလွင်ဦးနှင့် ဦးစီးအရာရှိများ၊ သင်တန်းနည်းပြဆရာမ မကွေးတိုင်း ဒေသကြီး ကွန်ပျူတာပညာရှင်များအသင်း ဥက္ကဋ္ဌ၊ ဒေါက်တာဒေါ်ဋ္ဌေးယဉ်ဝင်းနှင့် သင်တန်းသား/သူများတက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းမှ အဖွင့် အမှာစကားပြောကြားခဲ့ပြီး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါ်ဋ္ဌေးဋ္ဌေးခိုင်မှအမှာစကားပြောကြားခဲ့ကာ
သင်တန်းနည်းပြဆရာမ ဒေါက်တာဒေါ်ဋ္ဌေးယဉ်ဝင်းက သင်တန်းဆင်း နှုတ်ဆက်စကား ပြောကြား ခဲ့ပါသည်။
ဆက်လက်၍ သင်တန်းဆင်းပွဲအခမ်းအနားတွင် သင်တန်းနည်းပြဆရာမဒေါက်တာဒေါ်ဋ္ဌေးယဉ်ဝင်း က သင်တန်းသား/သူ များအား သင်တန်းဆင်းအောင်လက်မှတ်များ ချီးမြှင့်ပေးအပ်ခဲ့ပြီး၊ မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းမှ သင်တန်းနည်းပြဆရာမ ဒေါက်တာဒေါ်ဋ္ဌေးယဉ်ဝင်းအား ဂုဏ်ပြု လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်မှ သင်တန်းတွင်ထူးချွန်သော သင်တန်းသား(၃)ဦးအား ဆုလက်ဆောင်ပစ္စည်းများပေးအပ်ချီးမြှင့်ခဲ့ပြီး မကွေးတိုင်းဒေသကြီး ကွန်ပျူတာပညာရှင်များအသင်း ဥက္ကဋ္ဌ၊ ဒေါက်တာဒေါ်ဋ္ဌေးယဉ်ဝင်းကလည်း သင်တန်းတွင်ထူးချွန်သောသင်တန်းသား(၃)ဦးအား ဆုများ ထပ်မံချီးမြှင့်ပေးအပ်ပါသည်။