
မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး၌ ကျင်းပပြုလုပ်သည့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ပညာသင်စရိတ်ထောက်ပံ့ပေးအပ်
ဆောင်ရွက်ချက်များ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ(၁၇)ရက်နေ့ နံနက်(၁၀း၃၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး
လွှတ်တော်ရုံး ဗိုလ်မင်းရောင်ခန်းမ၌ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ဝန်ထမ်းနှင့်ဝန်ထမ်း၏
သားသမီးများအား ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါ သည်။
အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ဋ္ဌေးဋ္ဌေးခိုင်၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အိဇင်ဖြိုး၊ ဒေါ်စုစုထွန်း၊
လက်ထောက်ညွှန်ကြားရေးမှူး ဦးဋ္ဌေးလွင်ဦးနှင့် ဦးစီးအရာရှိများနှင့်ရုံးဝန်ထမ်းများ၊ ကျောင်းသား/သူ များတက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းမှ အဖွင့် အမှာစကားပြောကြားခဲ့ပြီး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါ်ဋ္ဌေးဋ္ဌေးခိုင်မှအမှာစကားပြောကြားခဲ့ကာ
၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားကြမည့် ကျောင်းသား/သူများအတွက် ပညာသင်စရိတ်နှင့် ကျောင်းသုံးစာရေးကိရိယာများဖြစ်သည့် ဗလာစာအုပ်၊ ဘောပင်၊ ခဲတံနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် Mask (၁)ဗူးစီတို့အား ထောက်ပံ့ပေးအပ်ခဲ့ပါသည်။