
မကွေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
ဆောင်ရွက်ချက်များ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ(၂၇)ရက်နေ့ နေ့လယ်(၁၄၀၀)နာရီအချိန် မကွေးတိုင်းဒေသကြီး လွှတ်တော်ရုံး VIP Meeting Room တွင် ဥပဒေပြုရေးဆိုင်ရာကော်မတီနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးကော်မတီဝင်များမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း (ဥပဒေပြုရေး ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ)နှင့် ဥပဒေပြုရေးဆိုင်ရာကော်မတီ အဖွဲ့ဝင်များ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ရုံး၊ ဥပဒေဌာနနှင့် ရေးရာကော်မတီဌာနမှ ရုံးဝန်ထမ်းများ တက်ရောက်ကြပါသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း (ဥပဒေပြုရေး ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ) မှ ယခုကျင်းပနေသည့် ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးဥပဒေမူကြမ်း နှင့် မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးချေးငွေနှင့် စုငွေဥပဒေမူကြမ်းများကို အတည်ပြုပြဋ္ဌာန်း နိုင်ရေးနှင့် အစီရင်ခံစာ တင်သွင်းနိုင်ရေးအတွက် ကော်မတီဝင်များမှ ထပ်မံစိစစ်အကြံပြုပေးစေ လိုကြောင်းဆွေးနွေးခဲ့ပြီး၊ တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များမှ သက်ဆိုင်ရာအခန်းကဏ္ဍ အလိုက် အကြံပြု ဆွေးနွေးညှိနှိုင်းခြင်းများပြုလုပ်ခဲ့ကြပါသည်။