မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ စလင်းမြို့နယ်အတွင်း ပန်းတောကျေးရွာအုပ်စုရှိ ကျေးရွာများ၊ သပြေပင်ကျေးရွာအုပ်စုရှိ ကျေးရွာများသို့ လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားတက်ရောက်

ဆောင်ရွက်ချက်များ

၂၀၂၀ပြည့်နှစ်၊အောက်တိုဘာလ ၇ ရက်နေ့၊နံနက်(၀၈း၁၅)နာရီအချိန် မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ပန်းတောကျေးရွာအုပ်စုအတွင်းရှိ မဲဇလီကွေ့ကျေးရွာ၊ ညောင်ကုန်း
ကျေးရွာ၊ ပန်းတောကြီးကျေးရွာ၊ ပန်းတောလေးကျေးရွာနှင့် မြောင်းခွကျေးရွာများ၊ သပြေပင်
ကျေးရွာအုပ်စု၊ ကုန်းကြားကျေးရွာနှင့် သပြေပင်ကျေးရွာတို့၏ လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားများ ဆောင်ရွက်ခဲ့ရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးလွှတ်တော် ဉက္ကဌ ဦးတာ၊ မင်းဘူးခရိုင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသိန်းအောင်၊ စလင်းမြို့နယ်အုပ်ချုပ်ရေးမှူး၊ စလင်းမြို့နယ်ရဲတပ်ဖွဲ့မှူး၊ စလင်းမြို့နယ်လျှပ်စစ်အင်ဂျင်နီယာ၊ ကျေးရွာမီးလင်းရေးကော်မတီဝင်များ၊
ကျေးရွာရပ်မိရပ်ဖများ နှင့် ကျေးရွာနေပြည်သူများတက်ရောက်ခဲ့ကြပြီး၊ ကျန်းမာရေးဌာနနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ်ထားသည့်စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။