မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌမှ လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားများသို့ တက်ရောက်ဖွင့်လှစ်ပေး

ဆောင်ရွက်ချက်များ

၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့၊ နံနက်(၀၈း၀၀)နာရီအချိန် မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာနှင့် ဋ္ဌာနဆိုင်ရာတာဝန်ရှိသူတို့သည် N.E.P အစီအစဉ်ဖြင့် ဆောင်ရွက်သည့် မင်းဘူးခရိုင်၊ စလင်းမြို့နယ်ရှိ ရွှေဘုံသာကျေးရွာအုပ်စု၊ ရွှေဘုံသာကျေးရွာနှင့် မြင်းခေါင်းကျေးရွာ၊ အင်ကြင်းပင်လှကျေးရွာအုပ်စု၊ အင်ကြင်းပင်လှ အရှေ့ကျေးရွာနှင့် အင်ကြင်းပင်လှ အနောက်ကျေးရွာ၊ ရုံးပင်ကန်ကျေးရွာအုပ်စု၊ မောင်ကော့ကန် ကျေးရွာ၊ ကြို့ဝန်းကြီးကျေးရွာအုပ်စု၊ ရွာသာကုန်းကျေးရွာတို့၏ လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားများသို့ တက်ရောက်၍ဖွင့်လှစ်ပေးခဲ့သည်။

အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးလွှတ်တော် ဉက္ကဋ္ဌ ဦးတာ၊ မင်းဘူးခရိုင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသိန်းအောင်၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာ၊ စလင်းမြို့နယ်
အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ၊ ကျေးရွာမီးလင်းရေး ကော်မတီဝင်များ၊ ကျေးရွာရပ်မိရပ်ဖများနှင့် ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့ကြပြီး၊ အခမ်းအနားကို  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ်ညွှန်ကြားထားသည့် စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။