
မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌမှ လျှောင်းတော်ဦးကျေးရွာ လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲအခမ်းအနား တက်ရောက်ဖွင့်လှစ်ပေး
ဆောင်ရွက်ချက်များ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့၊ ညနေ(၅)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာနှင့် ဋ္ဌာနဆိုင်ရာတာဝန်ရှိသူတို့သည် N.E.P အစီအစဉ်ဖြင့် ဆောင်ရွက်သည့် မကွေးမြို့နယ်၊ ဖုတ်ကုန်းကျေးရွာအုပ်စု၊ လျှောင်းတော်ဦးကျေးရွာ လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ဖွင့်လှစ်ပေးခဲ့သည်။
အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးလွှတ်တော် ဉက္ကဋ္ဌ ဦးတာ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်း၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဋ္ဌေး၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးစိုးဋ္ဌေးအောင်၊ မြင်ကွန်းမြို့လျှပ်စစ်မှူး ဦးအောင်ကျော်မင်း၊ တည်ဆောက်ရေးဓနရာဇာကုမ္ပဏီမှ ဝန်ထမ်းများ၊ ကျေးရွာမီးလင်းရေး ကော်မတီဝင်များ၊ ကျေးရွာရပ်မိရပ်ဖများနှင့် ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့ကြပြီး၊ အခမ်းအနားကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ် ညွှန်ကြားထားသည့် စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။