မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌမှ စလင်းမြို့၊ ဈေးမရပ်ကွက်၊ အောင်ဇေယျလမ်း ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနား တက်ရောက်ဖွင့်လှစ်ပေး

ဆောင်ရွက်ချက်များ

၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့၊ နံနက်(၀၇း၃၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာနှင့် စလင်းမြို့နယ်အဆင့်ဋ္ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့် မြို့မိမြို့ဖတို့သည် စလင်းမြို့ ဈေးမရပ်ကွက်၊ အောင်ဇေယျလမ်းကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ ဖွင့်လှစ်ပေးခဲ့ပါသည်။

အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးလွှတ်တော် ဉက္ကဋ္ဌဦးတာ၊စလင်းမြို့နယ်အုပ်ချုပ်ရေးမှူး
ဦးဟိန်းဆက်၊ စလင်းမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်၊ မြို့မိမြို့ဖဦးဌေးတို့မှ
ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး၊ စလင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသိန်းနိုင်၊
တာဝန်ခံအင်ဂျင်နီယာဦးစိုးနိုင်ဦးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ မြို့နယ်စည်ပင် သာယာရေးကော်မတီအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့်ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး အခမ်းအနားအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ်ညွှန်ကြားထားသည့် စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။