မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌမှ စလင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု၊ကျေးရွာများတွင်လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားများတက်ရောက်ဖွင့်လှစ်ပေး

ဆောင်ရွက်ချက်များ

၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန် မှ(၁၅း၀၀)နာရီ အချိန်အထိ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာနှင့် စလင်းမြို့နယ်အဆင့်ဋ္ဌာနဆိုင်ရာ တာဝန်ရှိသူတို့ သည် N.E.P အစီအစဉ်ဖြင့်ဆောင်ရွက်သည့် မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ တညောင်ကျေးရွာအုပ်စု၊ တပ်ကုန်းကျေးရွာ၊ စည်ဆွဲကျေးရွာအုပ်စု၊ ညောင်ပင်လှကျေးရွာနှင့် ကံဆွယ်ကျေးရွာ၊ ဇီးဖြူပင် ကျေးရွာအုပ်စု၊ ထူးကြီးကျေးရွာ၊ ကျပင်းကျေးရွာအုပ်စု၊ နေပူကန် ကျေးရွာ၊ ညောင်အင်းကျေးရွာအုပ်စု၊ မြောင်းဘောင်ကျေးရွာ၊ ကျက်သကိုင်ကျေးရွာအုပ်စု၊ ကျက်သကန်ကျေးရွာ၊ မင်းတည်းကျေးရွာနှင့်အင်ကြင်းပင်လှကျေးရွာအုပ်စု၊ ပန်းတော်ကျင်းကျေးရွာ၊အောက်လှိုင်းကျေးရွာအုပ်စု၊ ပေါင်းဆည် ကျေးရွာ၊ခြင်ထောင်ကျေးရွာ၊ မန်ကျည်းပင်ပုကျေးရွာအုပ်စု၊ မန်ကျည်းပင်ပုကျေးရွာတို့၏ လျှပ်စစ်မီး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ ဖွင့်လှစ်ပေးခဲ့ပါသည်။

အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးလွှတ်တော် ဉက္ကဋ္ဌဦးတာ၊ မင်းဘူးခရိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသိန်းအောင်၊ မင်းဘူးခရိုင်လျှပ်စစ်အင်ဂျင်နီယာ၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ၊ ကျေးရွာမီးလင်းရေး
ကော်မတီဝင်များ၊ ကျေးရွာရပ်မိရပ်ဖများနှင့် ကျေးရွာနေပြည်သူများတက်ရောက်ခဲ့ကြပြီး အခမ်းအနားများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ်ညွှန်ကြားထားသည့် စည်းကမ်းချက်များ နှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။