မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ရိပ်သာအဆောက်အဦ(၄)လုံးနှင့် မြေသားကန်ဆယ်ယူခြင်း ဆောင်ရွက်နေမှုအခြေအနေများကို လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့မှ ကြည့်ရှု့စစ်ဆေး

ဆောင်ရွက်ချက်များ

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၁၀)ရက်၊ နံနက်(၁၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌဦးတာ၊ ဒုတိယဥက္ကဋ္ဌဦးဇော်မျိုးဝင်းတို့သည် လွှတ်တော်ရုံးဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ဋ္ဌေးဋ္ဌေးခိုင်နှင့် တာဝန်ရှိသူများ၊ excellent ကုမ္ပဏီမှ တာဝန်ရှိသူတို့နှင့်အတူ မကွေးတိုင်း ဒေသကြီးလွှတ်တော်ရုံး၏ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဏာရေးနှစ်၊ ဖြည့်စွက်ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ကိုယ်စားလှယ် ရိပ်သာ အဆောက်အဦ(၄)လုံး ပြုပြင်ခြင်းလုပ်ငန်း၊ မြေပြုပြင်ခြင်းလုပ်ငန်း၊ မြေသားကန်များ ဆယ်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ များကို မြေပြင်ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။