
မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌမှ စလင်းမြို့နယ်၊ ကျေးရွာများရှိ လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားများသို့ တက်ရောက်ဖွင့်လှစ်ပေး
ဆောင်ရွက်ချက်များ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့၊ နံနက်(၀၈း၀၀)နာရီအချိန် မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ မင်းဘူးခရိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသိန်းအောင်၊ စလင်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်ခိုင်၊ စလင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းဆက်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးဦးဝင်းသန်း၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာနှင့် တာဝန်ရှိသူတို့သည် N.E.P အစီအစဉ်ဖြင့် ဆောင်ရွက်သည့် မင်းဘူးခရိုင်၊ စလင်းမြို့နယ်ရှိ ဇီးဖြူပင်ကျေးရွာအုပ်စု၊ ရေလဲကျေးရွာ၊ သန်းကုန်းကျေးရွာ၊ စည်ဆွဲကျေးရွာအုပ်စု၊ စမ်းကလေးကျေးရွာ၊ ညောင်အင်းကျေးရွာအုပ်စု၊ ချောင်းကောက်ကျေးရွာ၊ မကျီးဖျားကျေးရွာအုပ်စု၊ ထုံးချောင်းကျေးရွာ၊ ကျောက်ခဲကုန်းကျေးရွာ၊ ထန်းတောကြီးကျေးရွာ၊ တောင်ပြစ်ကုန်း/ဥသျှစ်ကုန်းကျေးရွာ၊ ကျောက်ရဲတုန်းကျေးရွာ စသည့် ကျေးရွာ(၁၁)ရွာတို့၏ လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားများသို့ တက်ရောက်၍ ဖွင့်လှစ်ပေးခဲ့သည်။
အခမ်းအနားကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ်ညွှန်ကြားထားသည့် စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။