
မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး၌ Car Parking (၁၀)နေရာ တည်ဆောက်ခြင်းလုပ်ငန်းနှင့် Landscaping Work လုပ်ငန်းများအတွက် တင်ဒါလျှောက်ထားသည့် ကုမ္ပဏီများနှင့်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်
ဆောင်ရွက်ချက်များ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန် မကွေးတိုင်းဒေသကြီး လွှတ်တော်ရုံး VIP Meeting Room တွင် ၂၀၂၀–၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်ငွေလုံးငွေရင်း အသုံးစရိတ် ခွင့်ပြုရန်ပုံငွေဖြင့်ဆောင်ရွက်မည့် Car Parking (၁၀)နေရာ တည်ဆောက်ခြင်းလုပ်ငန်းနှင့် Landscaping Work လုပ်ငန်းများအတွက် တင်ဒါလျှောက်ထားသည့် ကုမ္ပဏီများအား Video
Conferencing ဖြင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးသို့ မကွေးတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတာ (တင်ဒါခေါ်ယူရေး ကော်မတီ ဥက္ကဋ္ဌ)၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း (တင်ဒါခေါ်ယူရေးကော်မတီ အတွင်းရေးမှူး)၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဆောက်လုပ်ရေး၊ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦး မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ဌေးဌေးခိုင် (တင်ဒါခေါ်ယူရေး ကော်မတီ တွဲဘက်အတွင်းရေးမှူး)၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး ညွှန်ကြားရေးမှူးနှင့်
တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာအကြီးအကဲများပါဝင်သည့်တင်ဒါခေါ်ယူရေးကော်မတီအဖွဲ့ဝင်များတင်ဒါလျှောက်ထားသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။
တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းတို့မှအမှာစကားများ
ပြောကြားခဲ့ပြီး၊ ဆောက်လုပ်ရေး၊ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦး မှ လုပ်ငန်း ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လိုအပ်သည့်အချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ ကုမ္ပဏီ တာဝန်ရှိသူတို့မှ မိမိတို့ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအလိုက် အသေးစိတ်ရှင်းလင်း
ဆွေးနွေးတင်ပြခဲ့ရာ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌမှ တင်ဒါစိစစ်ရေးကော်မတီနှင့် ညှိနှိုင်းဆောင်
ရွက်ပြီးပြန်လည်အကြောင်းကြား ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် တင်ဒါအဆိုပြုလွှာ များအား ဖွင့်ဖောက်စစ်ဆေးခြင်းမပြုလုပ်သေးပါကြောင်းပြောကြားခဲ့ပါသည်။