
မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ (ဥပဒေပြုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ) နှင့် ဥပဒေပြုရေးဆိုင်ရာကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်
ဆောင်ရွက်ချက်များ၂၀၁၈ ခုနှစ်၊ မေလ (၃၁)ရက်နေ့၊ နေ့လယ်(၁၃း၀၀)နာရီအချိန်၊ မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌရုံးခန်းတွင် ဥပဒေပြုရေးဆိုင်ရာကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း (ဥပဒေပြုရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ)၊ တိုင်းဒေသကြီးလွှတ်တော်ဥပဒေပြုရေးဆိုင်ရာကော်မတီဝင်များ၊ တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့် တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ တိုင်းဦးစီးမှူးတို့ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌမှ မကွေးတိုင်းဒေသကြီး မြေယာခွန်ဥပဒေ ပြဌာန်းနိုင်ရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ အကြီးအကဲများမှ မိမိတို့ သက်ဆိုင်ရာဌာနများ၏ လုပ်ငန်းစဉ်အခြေအနေများကို အကြံပြုရှင်းလင်းဆွေးနွေးခဲ့ရာ တိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာ ကော်မတီဝင်များမှ အကြံပြု ဆွေးနွေးညှိနှိုင်းခြင်းများ ပြုလုပ်ခဲ့ကြပြီး၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ (ဥပဒေပြုရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ)မှ လိုအပ်သည်များ ဖြည့်စွက် ဆွေးနွေးခဲ့ပါသည်။