
မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဌနှင့်ဒုတိယဥက္ကဌမှ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် ၀န်ထမ်းများနှင့် ၀န်ထမ်းများ၏သား/သမီးများအား ပညာသင်စရိတ်ထောက်ပံ့ပေးအပ်
ဆောင်ရွက်ချက်များ၂၀၁၈ခုနှစ်၊ ဇွန်လ(၈)ရက်နေ့(၁၅၃၀)နာရီအချိန်၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် ၀န်ထမ်းများနှင့်၀န်ထမ်းများ၏
သား/သမီးများအား ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ လွှတ်တော်ရုံး၀န်ထမ်းအကြီးအမှူးနှင့် ရုံးဝန်ထမ်းများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဌနှင့်ဒုတိယဥက္ကဌတို့မှ အဖွင့် အမှာစကားပြောကြားခဲ့ပြီး ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် တက္ကသိုလ်အဆင့်နှင့် အခြေခံပညာ အထက်တန်းအဆင့် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား/သူများအား မကွေး တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌမှလည်းကောင်း၊ အခြေခံပညာအလယ်တန်းအဆင့်တွင် ပညာ သင်ကြားနေသော ကျောင်းသား/သူများအား မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဌမှ လည်းကောင်း၊ အခြေခံပညာမူလတန်းအဆင့်တွင် ပညာသင်ကြားနေသော ကျောင်းသား/သူများအား လွှတ်တော်ရုံးဝန်ထမ်းအကြီးအမှူး ဒေါ်ခင်ရီမြင့်( ဒုတိယညွှန်ကြားရေးမှူးချုပ် ) မှလည်းကောင်း၊ ပညာသင်ထောက်ပံ့စရိတ်၊ ကျောင်းသုံးဗလာစာအုပ်၊ ဘောပင်နှင့် ခဲတံများ အသီးသီးပေးအပ်ခဲ့ကြ ပါသည်။
ဆက်လက်၍ အခမ်းအနားတွင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် ပညာသင်စရိတ် ထောက်ပံ့မှုရရှိသော ကျောင်းသား/သူများကိုယ်စား ကျောင်းသားမိဘတစ်ဦးဖြစ်သူ မကွေးတိုင်း
ဒေသကြီးလွှတ်တော်ရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးဌေးလွင်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌမှ နိဂုံးချုပ်အမှာစကားပြောကြား
ခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။