
မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ နှင့် တိုင်းဒေသကြီးလွှတ်တော် ရေးရာကော်မတီ်ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်
ဆောင်ရွက်ချက်များ၂၀၁၈ ခုနှစ်၊ ဇွန်လ (၁၂)ရက်နေ့၊ နံနက်(၁၀၃၀)နာရီအချိန်၊ မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌရုံးခန်းတွင် လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် မကွေးတိုင်းဒေသကြီးလွှတ်တော် ရေးရာကော်မတီ ဥက္ကဋ္ဌ/ အတွင်းရေးမှူးများသည် မကွေးတိုင်းဒေသကြီး၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ရသုံးခန့်မှန်းခြေငွေစာရင်းနှင့် စပ်လျဉ်း၍ လုပ်ငန်းအကြိုညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် လွှတ်တော်ဒုတိယဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရေးရာကော်မတီ ဥက္ကဋ္ဌ/ အတွင်းရေးမှူးများမှ မကွေးတိုင်းဒေသကြီး၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ရသုံးခန့်မှန်းခြေငွေစာရင်းပါ စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ မိမိတို့ရေးရာကော်မတီအလိုက် အကြံပြုဆွေးနွေးတင်ပြခဲ့မှုအပေါ် လွှတ်တော် ဒုတိယဥက္ကဋ္ဌမှ လိုအပ်သည်များ ဖြည့်စွက်မှာကြား အကြံပြုဆွေးနွေးခဲ့ပါသည်။