
မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတက်ရောက်
ဆောင်ရွက်ချက်များ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့၊ နံနက်(၀၉၀၀)နာရီအချိန်၊ မကွေးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည့်(၃၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတာ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးဆန်းလင်း၊ မကွေးတိုင်းဒေသကြီး တရားသူကြီးချုပ် ဦး စိန်ထွန်း၊ မကွေးတိုင်းဒေသကြီးစာရင်းစစ်ချုပ် ဦးလှသန်း၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ သူနာပြုဆရာမများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းဦးမှ အဖွင့်အမှာစကားပြောကြားပြီး ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ပေးပို့သည့်သဝဏ်လွှာအား မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးခင်မောင်အေးမှ ဖတ်ကြားခဲ့ပါသည်။
ထို့နောက် မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ဝန်ကြီးများ၊ ဥပဒေချုပ်၊ တရားသူကြီးချုပ်၊ စာရင်းစစ်ချုပ်နှင့်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးတို့မှ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဆုရရှိသည့် ကျောင်းသား/သူများအား ဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ပြီး ပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။