မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌမှ ၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ်ခွင့်ပြုရန်ပုံငွေဖြင့် လွှတ်တော်ရုံး ဝန်ထမ်းအိမ်ရာဝန်းအတွင်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ဆောင်ရွက်ချက်များ

၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့၊ နေ့လည်(၁၄၀၀)နာရီအချိန်၊ မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌရုံးခန်းတွင် လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ရီမြင့်နှင့်လွှတ်တော်ရုံးဝန်ထမ်းများ၊ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၊ ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးဝင်းမိုးထိုက်၊ လမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးရဲထွဋ်တို့သည် ၂၀၁၈ခုနှစ်၊ ဘဏ္ဍာရေးနှစ် (ဧပြီလမှ စက်တင်ဘာလအထိ) ငွေလုံးငွေရင်းအသုံးစရိတ်
ခွင့်ပြုရန်ပုံငွေဖြင့်ဆောင်ရွက်သော မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းအိမ်ရာဝန်းအတွင်း ( ၅၁၀ ပေ × ၁၆ ပေ × ၈ လက်မ) ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် ကြမ်းခင်းဈေးတွက်ချက်ရေးကိစ္စနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ပါသည်။