မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ မင်းဘူး/စကုမြို့နယ်၊ စကုမြို့အခြေခံပညာအထက်တန်းကျောင်းတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်နှင့် နှစ်ထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားတက်ရောက်ဖွင့်လှစ်

ဆောင်ရွက်ချက်များ

၂၀၁၈ခုနှစ်၊ ဇွန်လ(၂၈)ရက်နေ့၊ နံနက်(၀၈၀၀)နာရီအချိန် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး/စကုမြို့နယ်၊ စကုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်နှင့်(၁၄၀×၃၀)ပေ RCC နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားအား မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စည်ပင် သာယာရေးဝန်ကြီး ဦးဇော်မင်းနှင့်သက်ဆိုင်ရာ မင်းဘူးခရိုင်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ ရပ်မိရပ်ဖ များနှင့်ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။
ဆက်လက်ပြီး မကွေးတိုင်းဒေသကြီးအစိုးရဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌတို့မှ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်နှင့်သံကူကွန်ကရစ်နှစ်ထပ်ကျောင်းဆောင်သစ်အား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးခဲ့ပါသည်။
ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့်လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးတို့မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ အောင်ပဒေသာ ဆောက်လုပ်ရေးကုမ္ပဏီ မန်နေးဂျင်းဒါရိုက်တာ ဦးဇော်ကိုမှ ကျောင်းဆောင်သစ်နှင့်ပတ်သက်သော စာရွက်စာတမ်းများအား မကွေးတိုင်းဒေသကြီးပညာရေးမှူး ဦးအောင်မြင့်ထံ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ ကျောင်းဆောင် ဆောက်လုပ်မှုနှင့်ပတ်သက်၍ ကျောင်းအကျိုးတော်ဆောင် နာယက ဦးနေမျိုးကျော်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့တို့မှ ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။