
မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ဥပဒေပြုရေးဆိုင်ရာကော်မတီ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးကော်မတီနှင့် ဂန့်ဂေါမြို့နယ် စည်ပင်သာယာရေးဥပဒေပြင်ဆင်ရေး လှုပ်ရှားမှု ကော်မတီတို့ မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၏ ဥပဒေများနှင့်စပ်လျဉ်း၍ ကြားနာပွဲကျင်းပ
ဆောင်ရွက်ချက်များ၂၀၁၈ခုနှစ်၊ ဇွန်လ(၂၈)ရက်နေ့၊ နံနက်(၁၀၀၀)နာရီအချိန် မကွေးတိုင်းဒေသကြီးလွှတ်တော်၊ ရေးရာကော်မတီအစည်းအဝေးခန်းတွင် မကွေးတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၏ ဥပဒေများနှင့်စပ်လျဉ်း၍ ဥပဒေပြင်ဆင်နိုင်ရေး ကြားနာပွဲကိုကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ မကွေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီအဖွဲ့ဝင်များ၊ မကွေးတိုင်းဒေသကြီးလွှတ်တော် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များ၊ ဂန့်ဂေါမြို့နယ် စည်ပင်သာယာရေးဥပဒေပြင်ဆင်ရေး လှုပ်ရှားမှုကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားပြီး၊ တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ (ဥပဒေပြုရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ)နှင့် တိုင်းဒေသကြီးလွှတ်တော် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးမင်းဟန်တို့မှ စည်ပင်သာယာရေးဥပဒေများနှင့်စပ်လျဉ်းပြီး ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ထို့နောက် ဂန့်ဂေါမြို့နယ် စည်ပင်သာယာရေးဥပဒေပြင်ဆင်ရေး လှုပ်ရှားမှုကော်မတီမှ အဖွဲ့ဝင်များက သိရှိလိုသည်များမေးမြန်းခြင်းနှင့်ဆောင်ရွက်ပေးရန်အချက်များကို တင်ပြဆွေးနွေးခဲ့ရာ တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ (ဥပဒေပြုရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ)မှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ အစည်းအဝေး တက်ရောက်သည့်ပုဂ္ဂိုလ်များမှ အပြန်အလှန်ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံ ရိုက်ခဲ့ကြပါသည်။