မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ၊ ဒုတိယဥက္ကဋ္ဌ ၊ တိုင်းဒေသကြီးလွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ဆောင်ရွက်ချက်များ

၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၉)ရက်နေ့၊ နံနက်(၀၉၀၀)နာရီအချိန်၊ မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌရုံးခန်းတွင် မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ရေးရာကော်မတီ ဥက္ကဋ္ဌများနှင့်အတွင်းရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးတို့မှ မိမိတို့ကော်မတီ အလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့မှုများအပေါ် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနှင့်ဒုတိယဥက္ကဋ္ဌတို့မှ လိုအပ်သည်များ ဖြည့်စွက်ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ခဲ့ကြပါသည်။