မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ၊ ဒုတိယဥက္ကဋ္ဌ ဆင်ပေါင်ဝဲမြို့ ပြည်သူ့ပန်းခြံအတွင်း ဗိုလ်ချုပ်အောင်ဆန်းကြေးသွန်းရုပ်တုနှင့် မြို့နယ်ခန်းမဖွင့်ပွဲအခမ်းအနားတက်ရောက်ဖွင့်လှစ်

ဆောင်ရွက်ချက်များ

၂၀၁၈ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့၊ နံနက်(၀၈၀၀)နာရီအချိန် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့ ပြည်သူ့ပန်းခြံအတွင်း ဗိုလ်ချုပ်အောင်ဆန်း ကြေးသွန်းရုပ်တုနှင့် မြို့နယ်ခန်းမဖွင့်ပွဲအခမ်းအနားအား
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ ဆင်ပေါင်ဝဲမြို့နယ် ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဦးနေထက်ဝင်း၊ သက်ဆိုင်ရာ သရက်ခရိုင်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ သရက်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေလင်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ ရပ်မိရပ်ဖ များနှင့်ဒေသခံပြည်သူများတက်ရောက်ခဲ့ကြပါသည်။
ဆက်လက်ပြီး ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအားအလေးပြုခြင်း၊
ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့်တပ်ဖွဲ့ဝင်အပေါင်းအားအလေးပြုခြင်းနှင့်မကွေးတိုင်း
ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေထက်ဝင်းနှင့်သရက်ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေလင်းတို့မှ ဗိုလ်ချုပ်အောင်ဆန်းကြေးသွန်းရုပ်တုအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းကြေးသွန်းရုပ်တုအား
အမွှေးနံ့သာရည်များဖြင့် ပက်ဖြန်းပေးခဲ့ပါသည်။
ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေထက်ဝင်းနှင့် သရက်ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေလင်းတို့မှ မြို့နယ်ခန်းမအား ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်းနှင့် ကဗ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များဖြင့် ပက်ဖြန်းပေးခဲ့ပါသည်။
ဆင်ပေါင်ဝဲမြို့ ဗိုလ်ချုပ်အောင်ဆန်းကြေးသွန်းရုပ်တုနှင့် မြို့နယ်ခန်းမတည်ဆောက်ခဲ့မှုအခြေအနေနှင့် ပတ်သက်၍ မြို့နယ်အုပ်ချုပ်ရေးမှူးမှရှင်းလင်းတင်ပြခဲ့ပြီး၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်
ဒေါက်တာအောင်မိုးညိုနှင့် မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးတာတို့မှ လမ်းညွှန်အမှာစကားပြောကြား
ခဲ့ပါသည်။
၎င်းနောက် ဆင်ပေါင်ဝဲမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေထက်ဝင်းမှ အမှာစကား
ပြောကြားခဲ့ရာ မြို့မိမြို့ဖတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး ဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရ အလံများပေးအပ်ခဲ့ပါသည်။