
မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ၊ ဒုတိယဥက္ကဋ္ဌနှင့် မကွေးတိုင်းဒေသကြီးလွှတ်တော်၊ တင်ဒါစိစစ်ရွေးချယ်ရေးကော်မတီ အဖွဲ့မှ မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး (ပင်မ)အဆောက်အဦ ဆောက်လုပ်နေသည့် လုပ်ငန်းခွင်သို့ သွားရောက်စစ်ဆေးကြည့်ရှု
ဆောင်ရွက်ချက်များ၂၀၁၈ခုနှစ်၊ ဇူလိုင်လ(၆)ရက်နေ့၊ နံနက်(၀၈၀၀)နာရီအချိန်၊ မကွေးမြို့၊ နတ်မောက်လမ်းနှင့်သုခိတာလမ်းထောင့်ရှိ မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး (ပင်မ)အဆောက်အဦ ဆောက်လုပ်နေသည့်လုပ်ငန်းခွင်သို့ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဆောက်လုပ်ရေးနှင့်ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦး၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်၊ မကွေးတိုင်းဒေသကြီးလွှတ်တော်၊ တင်ဒါစိစစ်ရွေးချယ်ရေးကော်မတီမှ ကော်မတီအဖွဲ့ဝင်များ၊ မကွေးတိုင်း ဒေသကြီးလွှတ်တော်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ရီမြင့်နှင့် လွှတ်တော်ရုံးအဖွဲ့များ၊ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းမှ တိုင်းဒေသကြီးရောင်းဝယ်ရေးအရာရှိနှင့် ခရိုင်/မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိသူများမှ မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး (ပင်မ)အဆောက်အဦ ဆောက်လုပ်နေမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့သည် လွှတ်တော်ရုံး(ပင်မ)အဆောက်အဦသစ် ဆောက်လုပ်
နေသည့်လုပ်ငန်းခွင်သို့ သွားရောက်၍ လှည့်လည်ကြည့်ရှုစစ်ဆေးကာ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ Kyaw Thar
Engineering & Construction Group Co, Ltd (KTECG) ကုမ္ပဏီ တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြခဲ့ပါသည်။