မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ ၂၀၁၈ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသူများနှင့် အောင်ချက်အကောင်းဆုံးဆုရကျောင်းများ၊ ဆရာ၊ ဆရာမများအား ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်ချီးမြှင့်

ဆောင်ရွက်ချက်များ

၂၀၁၈ခုနှစ်၊ ဇူလိုင်လ(၆)ရက်နေ့၊ နေ့လည်(၁၃၀၀)နာရီအချိန်၊ မကွေးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည့် ၂၀၁၈ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသူများနှင့် အောင်ချက်အကောင်းဆုံးဆုရ ကျောင်းများ၊ ဆရာ၊ ဆရာမများအား ဆုချီးမြှင့်ပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီးဥပဒေချုပ် ဦးဆန်းလင်း၊ မကွေးတိုင်းဒေသကြီး တရားသူကြီးချုပ် ဦးစိန်ထွန်း၊ မကွေးတိုင်းဒေသကြီးစာရင်းစစ်ချုပ် ဦးလှသန်း၊ မကွေးမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်း အဖွဲ့များ၊ ကျောင်းဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ ကျောင်းသား/သူ မိဘများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုမှ အမှာစကားပြောကြားခဲ့ပြီး၊ ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စားမေးပွဲတွင် အောင်ချက်အကောင်းဆုံးဆုရ ကျောင်းများအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုမှ ဆုချီးမြှင့်ခြင်း၊ သိပ္ပံ၊ ဝိဇ္ဇာ၊ ဝိပ္ပံဘာသာတွဲများမှ ပထမဆုရ ကျောင်းသား/သူများအား မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာမှ ဆုများချီးမြှင့်ခြင်း၊ သိပ္ပံ၊ ဝိဇ္ဇာ၊ ဝိပ္ပံဘာသာတွဲများမှ ဒုတိယဆု၊ တတိယဆုများ နှင့်(၆)ဘာသာဂုဏ်ထူးရှင်၊ (၅)ဘာသာဂုဏ်ထူးရှင်၊ (၄)ဘာသာဂုဏ်ထူးရှင်များအား မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများမှ ဆုများအသီးသီး ချီးမြှင့်ခဲ့ကြပါသည်။
ဆက်လက်၍ ထူးချွန်ကျောင်းသား/သူများကိုယ်စား သိပ္ပံဘာသာတွဲတွင် ပထမဆုရရှိသူ မခွန်းချိုသာမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး၊ ၂၀၁၈ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက် အကောင်းဆုံးဆုရ ဆရာ၊ ဆရာမများ၊ ထူးချွန်စွာအောင်မြင်ခဲ့ကြသူများနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ခဲ့ကြပါသည်။