မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ ဆင်ဖြူကျွန်းမြို့၊ ပြည်စိုးကုန်းအခြေခံပညာအထက်တန်းကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်းအခမ်းအနား တက်ရောက်ဖွင့်လှစ်

ဆောင်ရွက်ချက်များ

၂၀၁၈ခုနှစ်၊ ဇူလိုင်လ(၁၂)ရက်နေ့၊ နံနက်(၀၉၀၀)နာရီအချိန်၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ဆင်ဖြူကျွန်းမြို့၊၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ ပြည်စိုးကုန်းအခြေခံပညာအထက်တန်းကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်းအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတာ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်၊ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး၊ စလင်းမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကံဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်ခိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ မိဘဆရာအသင်းအဖွဲ့နှင့် ကျောင်းအကျိုးတော်ဆောင်များ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့မှ ကျောင်းဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး၍ လွှတ်တော်ဥက္ကဋ္ဌ ဦးတာနှင့် လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးတို့မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်စိုးကုန်း အခြေခံပညာအထက်တန်းကျောင်း တာဝန်ခံ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သန်းဌေး၊ မိဘဆရာအသင်းနှင့် ကျောင်းအကျိုးတော်ဆောင် ဦးမြင့်စိုး တို့က အထက်တန်းကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးခြင်းနှင့်ပတ်သက်၍ ကျေးဇူးတင်ဝမ်းမြောက်စကား ပြန်လည်ပြောကြားခဲ့ကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ခဲ့ကြပါသည်။