မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ပြည်သူ့ငွေစာရင်းကော်မတီ အစည်းအဝေး တက်ရောက်

ဆောင်ရွက်ချက်များ

၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၁၆)ရက်နေ့ နံနက်(၁၀ဝဝ)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး
ရေးရာကော်မတီရုံးခန်း၌ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ မကွေးတိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး
ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်တို့မှ မိမိတို့ ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့မှုများအပေါ် တိုင်းဒေသကြီးလွှတ်တော်
ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့မှ လိုအပ်သည်များ ဖြည့်စွက်ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ခဲ့ကြပါသည်။