
မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ (၇၁)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတက်ရောက်
ဆောင်ရွက်ချက်များ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့ နံနက်(၀၅ဝဝ)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် (၇၁)နှစ်မြောက်အာဇာနည်နေ့တွင် ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား ရည်စူး၍ သံဃာတော်အရှင်သူမြတ်တို့အား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ရေစက်ချအမျှ ပေးဝေခြင်းအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတာ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီးဥပဒေချုပ် ဦးဆန်းလင်း၊ မကွေးတိုင်းဒေသကြီး တရားသူကြီးချုပ် ဦးစိန်ထွန်း၊ မကွေးတိုင်းဒေသကြီးစာရင်းစစ်ချုပ် ဦးလှသန်း၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး ဆရာတော်သံဃာတော်အရှင်သူမြတ်တို့မှ ချီးမြှင့်သော တရားတော်များအား အတူတကွ နာယူကြ၍ ရေစက်ချအမျှပေးဝေကာ လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။
ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတာ တို့အဖွဲ့သည် မကွေးမြို့၊ ဗိုလ်ချုပ်မြင်းစီးကြေးရုပ်ပန်းခြံသို့ သွားရောက်ခဲ့ကြပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား လွမ်းသူ့ပန်းခွေချ အလေးပြုခြင်းအခမ်းအနားသို့ တက်ရောက်ဂါရဝပြုခဲ့ကြပါသည်။ လွမ်းသူ့ပန်းခွေချ အလေးပြုခြင်းအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ ပါတီပေါင်းစုံမှ အကြီးအကဲများနှင့် ပါတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသားသမဂ္ဂအဖွဲ့အစည်းများ၊ ကျောင်းဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ ပြည်သူလူထုများ တက်ရောက်ခဲ့ကြပါသည်။
ဆက်လက်ပြီး မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတာနှင့် မကွေးတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် စလင်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ဦးသက်ခိုင် တို့သည် စလင်းမြို့၊ လွတ်လပ်ရေးပန်းခြံတွင် ကျင်းပပြုလုပ်သည့်(၇၁)နှစ်မြောက် အာဇာနည်ခေါင်းဆောင်ကြီးများအား လွမ်းသူ့ပန်းခွေချ အလေးပြုခြင်း အခမ်းအနားသို့ တက်ရောက် ဂါရဝပြု၍ စလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဆရာတော်သံဃာတော် အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး ရေစက်ချအမျှဝေ တရားနာယူခဲ့ပြီးနောက် ဆင်ဖြူကျွန်းမြို့၊ လွတ်လပ်ရေးကျောက်တိုင်ကွင်းတွင် ကျင်းပပြုလုပ်သည့် (၇၁)နှစ်မြောက် အာဇာနည်ခေါင်းဆောင်ကြီးများအား လွမ်းသူ့ပန်းခွေချ အလေးပြုခြင်းအခမ်းအနားသို့ တက်ရောက် ဂါရဝပြုခဲ့ပါသည်။