
မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ၊ဒုတိယဥက္ကဋ္ဌ နှင့် တိုင်းဒေသကြီးလွှတ်တော် ရေးရာကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်
ဆောင်ရွက်ချက်များ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၄)ရက်နေ့၊ နေ့လည်(၁၄ဝဝ)နာရီအချိန်၊ မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌရုံးခန်းတွင် မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ဒုတိယဥက္ကဋ္ဌနှင့် မကွေးတိုင်းဒေသကြီးလွှတ်တော် ရေးရာကော်မတီ ဥက္ကဋ္ဌ/ အတွင်းရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ရေးရာကော်မတီ ဥက္ကဋ္ဌ/ အတွင်းရေးမှူးများမှ မိမိတို့ရေးရာကော်မတီအလိုက် အကြံပြုဆွေးနွေး တင်ပြခဲ့မှုအပေါ် လွှတ်တော် ဥက္ကဋ္ဌနှင့်ဒုတိယဥက္ကဋ္ဌတို့မှ လိုအပ်သည်များ ဖြည့်စွက်မှာကြား အကြံပြုဆွေးနွေးခဲ့ပါသည်။