မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ (ကြမ်းခင်းစျေးတင်ဒါလက်ခံရေးနှင့်တင်ဒါစိစစ်ရေးကော်မတီဥက္ကဋ္ဌ) မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံးဝန်ထမ်းအိမ်ရာဝန်းအတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ရန်အတွက် ကော်မတီအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ဆောင်ရွက်ချက်များ

၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၅)ရက်နေ့၊ နေ့လည်(၁၄ဝဝ)နာရီအချိန်၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး ရေးရာကော်မတီ ရုံးခန်းတွင် မကွေးတိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ (ကြမ်းခင်းစျေးတွက်ချက်ရေးကော်မတီ၊ တင်ဒါလက်ခံရေးနှင့်တင်ဒါစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ) ဦးဇော်မျိုးဝင်း၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါ်ခင်ရီမြင့်နှင့် ရုံးဝန်ထမ်းများ၊ ကြမ်းခင်းစျေးတွက်ချက်ရေးကော်မတီ၊ တင်ဒါလက်ခံရေးနှင့် တင်ဒါစိစစ်ရေးကော်မတီမှ တာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ (ကြမ်းခင်းစျေးတွက်ချက်ရေးကော်မတီ၊ တင်ဒါလက်ခံရေးနှင့်တင်ဒါစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ)မှ အမှာစကားပြောကြားခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ကြမ်းခင်းစျေးသတ်မှတ်ရေးနှင့်စပ်လျဉ်း၍ အကြံပြုဆွေးနွေးခဲ့ပါသည်။ ထို့နောက် ကော်မတီအဖွဲ့ဝင်များမှ ရှင်းလင်းတင်ပြ အကြံပြုဆွေးနွေးခဲ့မှုများအပေါ် တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌမှ လိုအပ်သည်များ ဖြည့်စွက်ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ခဲ့ကြပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။