
မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင်ကျင်းပပြုလုပ်သည့် e-Government လုပ်ငန်းများ အထောက်အကူပြု Central Control Room ရုံးခန်းဖွင့်ပွဲတက်ရောက်
ဆောင်ရွက်ချက်များ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၃၁)ရက်နေ့ နံနက်(၀၈ဝဝ)နာရီအချိန်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင်
ကျင်းပပြုလုပ်သည့် e-Government လုပ်ငန်းများ အထောက်အကူပြု Central Control Room ရုံးခန်းဖွင့်လှစ်ပွဲ
အခမ်းအနားအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ မကွေးတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတာ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ အကြီးအကဲများမှ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌတို့မှ ဖွင့်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး၊ e-Government လုပ်ငန်းများ အထောက်အကူပြု Central Control Room ရုံးခန်းဖွင့်ပွဲဆိုင်းဘုတ်အား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုမှ စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးခဲ့ပါသည်။
ဆက်လက်၍ e-Government Central Control Room ဖွင့်ပွဲဆိုင်းဘုတ်အား အမွှေးနံ့သာများဖြင့် ပက်ဖျန်းပေးခဲ့ပြီး၊ e-Government လုပ်ငန်းများ အထောက်အကူပြု Central Control Room ရုံးခန်းအား လိုက်လံကြည့်ရှုစစ်ဆေး ခဲ့ပါသည်။