မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ (ကြမ်းခင်းစျေးတင်ဒါလက်ခံရေးနှင့်တင်ဒါစိစစ်ရေးကော်မတီဥက္ကဋ္ဌ) မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံးဝန်ထမ်းအိမ်ရာဝန်းအတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ရန် အတွက် တင်ဒါဖွင့်ဖောက်

ဆောင်ရွက်ချက်များ

၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၃၁)ရက်နေ့၊ နေ့လည်(၁၄ဝဝ)နာရီအချိန်၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး ရေးရာကော်မတီ ရုံးခန်းတွင် မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံးဝန်ထမ်းအိမ်ရာဝန်းအတွင်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းနှင့်ပတ်သက်၍ မကွေးတိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ (ကြမ်းခင်းစျေးတွက်ချက်ရေးကော်မတီ၊ တင်ဒါလက်ခံရေးနှင့်တင်ဒါစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ) ဦးဇော်မျိုးဝင်း၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါ်ခင်ရီမြင့်နှင့်ရုံးဝန်ထမ်းများ၊ ကြမ်းခင်းစျေးတွက်ချက်ရေးကော်မတီ၊ တင်ဒါလက်ခံရေးနှင့် တင်ဒါစိစစ်ရေးကော်မတီမှ တာဝန်ရှိသူများ၊ တင်ဒါလျှောက်ထားသည့် ကုမ္ပဏီ(၃)ခုမှ တာဝန်ရှိသူများဖြင့် ကြမ်းခင်းစျေးသတ်မှတ်ခြင်းနှင့် တင်ဒါဖွင့်ဖောက်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ၊ (ကြမ်းခင်းစျေးတွက်ချက်ရေး ကော်မတီ၊ တင်ဒါလက်ခံရေးနှင့် တင်ဒါစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ)မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ကြမ်းခင်းစျေးသတ်မှတ်ရေးနှင့်စပ်လျဉ်း၍တင်ဒါလျှောက်ထားသည့် ကုမ္ပဏီတာဝန်ရှိသူများ၏ ရှေ့မှောက်တွင် ပွင့်လင်းမြင်သာစွာ ဖွင့်ဖောက်စစ်ဆေးခြင်းဖြစ်ပါကြောင်း ပြောကြားပြီး ကြမ်းခင်းစျေးအား သတ်မှတ်ကြေငြာပါသည်။ ထို့နောက်လာရောက် လျှောက်ထားသည့် ကုမ္ပဏီ(၃)ခုမှ တင်ဒါလျှောက်လွှာများအား ဖွင့်ဖောက်စစ်ဆေး၍ တင်ဒါအဆိုပြုစျေးနှုန်းများအတည်ပြုခဲ့ပါသည်။