
မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ၊ ဒုတိယဥက္ကဋ္ဌ နှင့် တိုင်းဒေသကြီးလွှတ်တော် ရေးရာကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်
ဆောင်ရွက်ချက်များ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၇)ရက်နေ့၊ နေ့လည်(၁၄ဝဝ)နာရီအချိန်၊ မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌရုံးခန်းတွင် မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးတာ၊ ဒုတိယဥက္ကဋ္ဌဦးဇော်မျိုးဝင်းနှင့် မကွေးတိုင်းဒေသကြီး လွှတ်တော်ရေးရာကော်မတီ ဥက္ကဋ္ဌ / အတွင်းရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့မှ အဖွင့် အမှာစကား ပြောကြားခဲ့ပြီး ယစ်မျိုးလိုင်စင်များနှင့် ပတ်သက်၍ နိုင်ငံခြားအရက်များ သိုလှောင်ခွင့် နှုန်းထားနှင့် သိုလှောင်ခွင့် ပမာဏ သတ်မှတ်ပြဋ္ဌာန်းပေးနိုင်ရေးနှင့်စပ်လျဉ်းပြီး ရှင်းလင်းဆွေးနွေးခဲ့ရာ ရေးရာကော်မတီ ဥက္ကဋ္ဌ / အတွင်းရေးမှူးများမှ အကြံပြုဆွေးနွေး တင်ပြခဲ့မှုများအပေါ် လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့မှ ပြန်လည်ဆွေးနွေး ဆောင်ရွက်ခဲ့ကြပါသည်။