
မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ၊ ဒုတိယဥက္ကဋ္ဌနှင့် မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး (ပင်မ)အဆောက်အဦ ဆောက်လုပ်နေသည့် လုပ်ငန်းခွင်သို့ သွားရောက်စစ်ဆေးကြည့်ရှု
ဆောင်ရွက်ချက်များ၂၀၁၈ခုနှစ်၊ သြဂုတ်လ(၇)ရက်နေ့၊ နေလည်(၁၅၀၀)နာရီအချိန်၊ မကွေးမြို့၊ နတ်မောက်လမ်းနှင့် သုခိတာလမ်းထောင့် ရှိ မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး (ပင်မ)အဆောက်အဦ ဆောက်လုပ်နေသည့် လုပ်ငန်းခွင်သို့ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံးမှ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါ်ခင်ရီမြင့် နှင့် လွှတ်တော်ရုံးအဖွဲ့များမှ မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး (ပင်မ)အဆောက်အဦ ဆောက်လုပ်နေမှုအခြေအနေများအားကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
Kyaw Thar Engineering & Construction Group Co, Ltd (KTECG) ကုမ္ပဏီ တာဝန်ရှိသူများမှ ရှင်းလင်းဆောင်ခန်းမတွင် လွှတ်တော်ရုံး(ပင်မ)အဆောက်အဦသစ် ဆောက်လုပ်နေမှုနှင့် စပ်လျဉ်း၍ Power Point ဖြင့်အသေးစိတ် ရှင်းလင်းတင်ပြခဲ့ပြီး၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် အဖွဲ့သည် လွှတ်တော်ရုံး(ပင်မ) အဆောက်အဦသစ် ဆောက်လုပ်နေသည့်လုပ်ငန်းခွင်သို့ သွားရောက်၍ လှည့်လည်ကြည့် ရှုစစ်ဆေးကာ သိရှိ လိုသည်များကို မေးမြန်းရာ Kyaw Thar Engineering & Construction Group Co, Ltd (KTECG) ကုမ္ပဏီ တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြခဲ့ပါသည်။