မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ပခုက္ကူမြို့လူထုတွေ့ဆုံပွဲအခမ်းအနားတက်ရောက်

ဆောင်ရွက်ချက်များ

၂၀၁၈ခုနှစ်၊ သြဂုတ်လ(၉)ရက်နေ့၊ နံနက်(၀၉၃၀)နာရီအချိန် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊
ပခုက္ကူမြို့နယ်၊ ချောက်ကန်ကျေးရွာတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် လူထုတွေ့ဆုံပွဲ
စကားဝိုင်းအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုဒုတိယဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညို၊ မကွေးတိုင်းဒေသကြီးလွွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ မကွေးတိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီး ဥပဒေချုပ်၊ မကွေးတိုင်းဒေသကြီး စာရင်းစစ်ချုပ်၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုအမြဲတမ်းအတွင်းဝန်များ၊ မကွေးတိုင်းဒေသကြီး တိုင်းအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ပခုက္ကူခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ပခုက္ကူခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ပခုက္ကူမြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။