မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ မင်းတုန်းမြို့နယ်၊ ကျောက်တိုင်ကျေးရွာ တိုက်နယ်ဆေးရုံဝန်းအတွင်း ဝန်ထမ်းအိမ်ရာအဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားတက်ရောက်

ဆောင်ရွက်ချက်များ

၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၂)ရက်နေ့ နံနက်(၀၈ဝဝ)နာရီအချိန်၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ ကျောက်တိုင်ကျေးရွာ တိုက်နယ်ဆေးရုံဝန်းအတွင်းရှိ ၀န်ထမ်းအိမ်ရာအဆောက်အဦ ဖွင့်လှစ်ပွဲ
အခမ်းအနားအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့
သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်၊ မင်းတုန်းမြို့နယ်မဲဆန္ဒနယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ သရက်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး
ဦးနေလင်း၊ မင်းတုန်းမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် မကွေးတိုင်း
ဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးတာ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးတို့မှ ဆေးရုံခန်းမ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ အမှာစကားပြောကြားခဲ့ရာ ဒေသခံပြည်သူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။ ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ မကွေးတိုင်းဒေသကြီး
လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော် တို့မှ ၀န်ထမ်းအိမ်ရာအဆောက်အဦသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး၊ ၀န်ထမ်းအိမ်ရာအဆောက်အဦသစ်အား လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ မကွေးတိုင်းဒေသကြီး
လွှတ်တော်ဥက္ကဋ္ဌနှင့်ဒုတိယဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများမှ မင်းတုန်းချောင်းကူးတံတား မြေကာနံရံရေတိုက်စားမှု ခံရခြင်းကြောင့် ပြန်လည်ပြင်ဆင်နေမှု အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များဆွေးနွေး မှာကြားဆောင်ရွက်ပေးခဲ့ပါသည်။