
မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ပြည်သူ့ဆေးရုံကြီး(မကွေး) ကုတင်(၅၀၀)ဆံ့အဖြစ်အဆင့်မြှင့်တင်ရန်(၅)ထပ်တိုးချဲ့ဆောင်ဆောက်လုပ်နေမှုများအား ကွင်းဆင်းစစ်ဆေး
ဆောင်ရွက်ချက်များ၂၀၁၈ခုနှစ်၊ သြဂုတ်လ (၁၆)ရက်၊ နံနက်(၀၇၃၀)နာရီအချိန်၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ ပြည်သူ့ဆေးရုံကြီးအတွင်း တည်ဆောက်လျက်ရှိသော ကုတင်(၅၀၀)ဆံ့အဖြစ် အဆင့်မြှင့်တင်ရန် (၅)ထပ် တိုးချဲ့ဆောင် ဆောက်လုပ်နေမှုအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌဦးတာ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဆောက်လုပ်ရေး၊ ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦး၊ တိုင်းဒေသကြီးပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦ ဦးစီးဌာန တည်ဆောက်ရေး(၂)အဆောက်အဦ အထူးအဖွဲ့(၅)မှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ကုတင်(၅၀၀)ဆံ့(၅)ထပ်ဆောင် အဆောက်အဦဆောက်လုပ်နေမှု အခြေအနေများကို မကွေးတိုင်း
ဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်နှင့် မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌတို့မှ သိရှိလိုသည်များအား မေးမြန်း ခဲ့ရာ အဆောက်အဦ ဦးစီးဌာန တည်ဆောက်ရေး(၂)အဆောက်အဦ အထူးအဖွဲ့(၅)မှ တာဝန်ရှိသူများနှင့် ဆေးရုံအုပ်ကြီးတို့မှ ပြန်လည်ရှင်းလင်း တင်ပြခဲ့ပါသည်။