မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ မြန်မာနိုင်ငံကျား/မရေးရာလေ့လာရေးသိပ္ပံအဖွဲ့မှ တာဝန်ရှိသူများအားလက်ခံတွေ့ဆုံခြင်း

ဆောင်ရွက်ချက်များ

၂၀၁၈ခုနှစ်၊ သြဂုတ်လ (၁၆)ရက်၊နံနက်(၁၀၃၀)နာရီအချိန်၊မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌရုံးခန်း၌
မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းတို့အား မြန်မာနိုင်ငံကျား/မရေးရာ လေ့လာရေးသိပ္ပံအဖွဲ့မှ တာဝန်ရှိသူများသည် အမျိုးသမီးနှင့်ကျား/မရေးရာခေါင်းဆောင်မှု စွမ်းရည်မြှင့်တင်ခြင်း၊ သုတေသန၊ လူထုအသိပညာပေးခြင်းနှင့် ကျား/မရေးရာ ပညာရပ်ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ လာရောက် တွေ့ဆုံဆွေးနွေးတင်ပြခဲ့ပါသည်။
ဆွေးနွေးချက်များအပေါ် မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌတို့မှ သိရှိလိုသည်များ အားမေးမြန်းခဲ့ရာ တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းတင်ပြခဲ့ပါသည်။