မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝရေလှောင်တမံအတွင်းငါးမျိုးစိုက်ထည့်ပွဲအခမ်းအနားတက်ရောက်ခြင်း

ဆောင်ရွက်ချက်များ

၂၀၁၈ခုနှစ်၊ သြဂုတ်လ(၂၀)ရက်၊ နံနက်(၀၉ဝဝ)နာရီအချိန် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝရေလှောင်တမံအတွင်း ငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီး ဦးဝင်းမော်ဌေး၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြ ပါသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညိုမှ အဖွင့်အမှာစကား
ပြောကြားခဲ့ပြီး၊ ကြီးအုံကြီးဝရေလှောင်တမံအတွင်းသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုနှင့်အဖွဲ့ဝင်များမှ ငါးမျိုးစိုက်ထည့် ပေးခဲ့ကြပြီး၊ ကြီးအုံကြီးဝရေလှောင်တမံအတွင်းရှိ လျှပ်စစ်ဓါတ်အား
ပေးစက်ရုံမှ လျှပ်ဓါတ်အားဖြန့်ဖြူးပေးမှုအခြေအနေများအား လှည့်လည်ကြည့်ရှု့စစ်ဆေးခဲ့ပါသည်။